လှည်းကူးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး

လှည်းကူး အောက်တိုဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များက မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက်များတွင် ယနေ့ကွင်းဆင်းကောက်ယူမှုများကို ဆက်လက်ဆောင်ရွက်သည်။

ထိုသို့ သန်းခေါင်စာရင်းကောက်ကွက်များတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းများတိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များများနှင့် အိမ်အကြောင်းအရာများကို အချက်အလက် (၆၈) ချက်မေးမြန်းကာ Mobile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးချကာ ကောက်ယူလျက်ရှိပြီး ယနေ့ လှည်းကူးမြို့နယ် ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စု၊ ကျေးရွာ (၁၆၈) များတို့အား စာရင်းကောက်ယူရေးအဖွဲ့များက ဆက်လက်ကောက်ယူလျက်ရှိရာ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို လူဦးရေနှင့်အိမ်အကြောင်းအရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းဦး၊ ခရိုင်စီမံအဖွဲ့၀င် (၁) ဒုတိယဗိုလ်မှူးကြီး နန်းထက်ဝင်း၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နီခင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီများ လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် လှည်းကူးမြို့နယ်အတွင်း ကောက်ကွက်ပေါင်း ၅၉၄ ကွက်တို့၌ စာရင်းစစ် ၄၆ ဦး၊ စာရင်းကောက် ၂၃၁ ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျစာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)