သတင်းများ

သန်လျင်မြို့ သမိုင်းဝင်ဆံတော်ရှင်ကျိုက်ခေါက်စေတီ တန်ဆောင်တိုင်မသိုးသင်္ကန်းရက်ပြိုင်ပွဲ ဆုပေးပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Nov 17,2024
သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော တန်ဆောင်တိုင် မသိုးသင်္ကန်းရက်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၇ နာရီတွင် စေတီတော် ရင်ပြင်သုဒ္ဓိယုဝတန်ဆောင်း၌ ကျင်းပခဲ့သည်။
တွံတေးမြို့၌ (၄၇) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာနှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့ လှည့်လည်ပူဇော်ပွဲကျင်းပ
Nov 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံ​တေးခရိုင်၊ တွံတေးမြို့ကျက်သရေဆောင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကိန်းဝပ်တော်မူသော နှစ်ကျိပ်ရှစ်ဆူကုန်သောဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က ရွှေဆံတော်စေတီတော်မြတ်ကြီးမှ မြို့ပေါ်(၈)ရပ်ကွက်အတွင်းသို့ လှည့်လည်ပူဇော်ခံခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် Grade-11 နှင့် Grade-12 ဆရာ/မများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်လှစ်
Nov 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ Grade-11 နှင့် Grade-12 ဆရာ/မများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီက အထက(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Nov 17,2024
မွန်ပြည်နယ်အတွင်း မြို့များအားလုံးတွင် သန့်ရှင်း၍သာယာလှပြီး မြို့အင်္ဂါရပ်များနှင့်ကိုက်ညီစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်၊ တောင်ဝိုင်းတစ်‌လျှောက်နှင့် မော်လမြိုင်လေဆိပ်အနီးပတ်ဝန်းကျင်တွင် သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့အပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်စီမံဆောင်ရွက်မှုများ၊ အခြေခံပညာကျောင်းနှင့်ဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး
Nov 17,2024
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများ နှင့် သင်တန်းကျောင်းများ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထားစီမံအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် လွိုင်ကော်ပညာရေးဒီဂရီ ကောလိပ်ကျောင်းများအား နိုဝင်ဘာလ တတိယပတ်တွင်  ဖွင့်လှစ်သွားမည်ဖြစ်၍ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အတူ ယမန်နေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်နှင့် လွိုင်ကော်ပညာရေးဒီဂရီ ကောလိပ်ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
လှည်းကူးမြို့တွင် (၇၆)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့တွင် (၇၆)ကြိမ်မြောက် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့ ညနေ(၃)နာရီအချိန်မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 17,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ဧလာတိဏ္ဏဗုဒ္ဓရက္ခိတ ကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များမှ မီးပဒေသာ လှည့်ပူဇော်ပွဲကျင်းပ
Nov 17,2024
တန်ဆောင်မုန်းလပြည့် ဆေးပေါင်းခသည့်ညတွင် မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်ဆိုသည့်အတိုင်း ဆီမီးများပူဇော်ဆက်ကပ်လှူဒါန်းခြင်းနှင့် အိမ်တိုင်းတွင် အလှမီးများထွန်းခြင်း ဆောင်ရွက်ကြရာ နိုဝင်ဘာလ (၁၅) ရက် ည (၆) နာရီက တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် တောင်ကြီးမြို့ပေါ် (၂၂) ရပ်ကွက်မှ အင်အား (၁၀၀၀) ခန့်ဖြင့် မီးပဒေသာလှည့်လည်ပူဇော်ပွဲ ကျင်းပကြကြောင်းသိရသည်။