ကလောမြို့နယ်၌(၁/၂၀၂၄)အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

ကလော  အောက်တိုဘာ  ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက စနစ်တကျဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် (၁/၂၀၂၄)အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးလင်းဇော်ထွေးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသားစံပြဆု၊ ပထမ၊ ဒုတိယ၊ တတိယရရှိသည့် သင်တန်းသားများနှင့် သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးလင်းဇော်ထွေး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်းထွန်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကလောမြို့နယ်အတွင်းရှိ ကလောမြို့၊အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ ဘော်ဆိုင်းတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦးတို့ကို သင်တန်းကာလ စက်တင်ဘာလ ၉ ရက်နေ့မှအောက်တိုဘာလ ၄ ရက်နေ့အထိ ရက်သတ္တ ၄ ပတ်ကြာသင်ကြား ပို့ချပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ  ထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)