ဖြူးမြို့နယ်၌ မိုးစပါးအထွက်နှုန်းသိရှိစေရေး စံကွက်ရိတ်သိမ်း

ဖြူး အောက်တိုဘာ ၂၇

ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌  မိုးစပါးအထွက်နှုန်းသိရှိစေရေးအတွက် မင်းကံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာကျေးရွာရှိ တောင်သူ ဦးဘီဂျေးကူးမား၏ ကွင်းအမှတ်(၂၆၂-ဂ)၊ ဦးပိုင်အမှတ်(၃၀/၁)၊ ဆင်းသုခမျိုးမိုးစပါးစိုက်ခင်း(၈)ဧကကို (၀.၁၀) ဧကစံကွက်ထား၍ ယမန်နေ့ နံနက်(၁၁)နာရီအချိန်က တာဝန်ရှိသူများ စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း အစိုတင်း (၁၃၁.၇၀) တင်းထွက်ရှိကြောင်း သိရသည်။

ထိုသို့ စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအနီးပတ်ဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးရေးတောင်သူများ ကြည့်ရှုလေ့လာခဲ့ကြကြောင်း တာဝန်ရှိသူများထံမှသိရသည်။

နေမျိုးလွင် (ပြန်/ဆက်)