ရွှေကျင်မြို့နယ်၌ အခွန်ပညာပေး ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
May 27,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။