ဘိုကလေး မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းပဒေများ ချပြဆွေးနွေးပွဲ ကျင်းပဆောင်ရွက်သည်။
ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၈၆) အုပ်စုမှ စာရေးဝန်ထမ်းများ၊ ကြီးကြပ်ရေးအဖွဲ့ဝင်များ အင်အား (၄၀၀) ခန့် တက်ရောက်ကြပြီး ဆွေးနွေးပွဲမစတင်မီ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်စု (၈၆) အုပ်စုတွင် ကြီးကြပ်ရေးအဖွဲ့အဖြစ် ရွေးချယ်ခံရသူများအား ခန့်အပ်လွှာများပေးအပ်ခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ကြီးကြပ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များ၊ အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များအပါအဝင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းပဒေများချပြဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများကလည်း ပြန်လည်ဆွေးနွေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)