မူဆယ်မြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

မူဆယ် မေ ၂၇

မူဆယ်မြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို မူဆယ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦး M အောင်ဂျာက အမှာစကားပြောကြားခဲ့ပြီး၊ အသင်းနာယက ဦးအုန်းမောင် (ရွှေညာသားမြတ်မင်း)က အသင်း၏ဆောင်ရွက်ချက်များအား တင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးခိုင် (မျိုးခိုင် - မူဆယ်)က လက်ရှိအမှုဆောင်အဖွဲ့အား ဖျက်သိမ်းကြောင်းကြေညာခဲ့ပြီး၊ အမှုဆောင်ကော်မတီရွေးချယ်တင်မြှောက်၍ ကော်မတီဝင်များစာရင်းကို သဘာပတိက ဖတ်ကြားပေးခဲ့သည်။ ယင်းနောက် မြို့နယ်စာရေးဆရာအသင်း အမှုဆောင်ကော်တီဝင်များမှ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခဲ့ကြသည်။

ဆက်လက်၍ မူဆယ်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ အသစ်က မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံစာရေးဆရာအသင်း စတုတ္ထအကြိမ် ညီလာခံသို့ တက်ရောက်မည့်ကိုယ်စားလှယ်များကို ကြေညာပေးခဲ့သည်။ အခမ်းအနားတွင် ဦးသန်းတင် (သန်းတင် - ၁၀၅  မြေ) ရေးသားသည့် “အုန်းထမင်းဆွမ်းထုပ်ကလေးနှင့် အခြားဝတ္ထုတိုများစာအုပ်ကို တက်ရောက်လာသည့် ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)