သတင်းများ

မိုးညိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဧရာဝတီမြစ်ရေဝင်ရောက်မှုအခြေအနေများအား လိုက်လံကြည့်ရှု
Jun 13,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အနီးရှိ ဧရာဝတီမြစ်နှင့် ဆက်စပ်လျက်ရှိသော မြစ်မခမြစ်/ချောင်းများအတွင်းသို့ ရေများဝင်ရောက်လာပြီဖြစ်သည့်အတွက် ရေဝင်ရောက်မှုအခြေအနေများနှင့် မြစ်ရေအမှတ် ဆောင်ရွက်ထားရှိသည့်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံကြည်ရှုခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် (Community Centre) ခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်ပိုစတာပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 13,2025
မွန်ပြည်နယ်၊မုဒုံမြို့နယ်တွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်ပိုစတာပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ  ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့်တာဝန်ရှိသူများသည် Grade-12 ဖြေဆိုရမည့် ကျောင်းများအား လိုက်လံကြည့်ရှု
Jun 13,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းများအား ကာကွယ်ရေးဝန်ကြီးဌာနမှ  ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေနှုန်းမြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ဖြေဆိုနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
Jun 13,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေနှုန်းမြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြန်လည်ဖြေဆိုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာ ပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂ ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရာခိုင်နှုန်း တိုးတက်မြင့်မားအောင် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မကြာမီပြန်လည်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲကြီးအား လုံခြုံအေးချမ်းတည်ငြိမ်စွာ ဖြင့်အောင်မြင်အောင် အစမှအဆုံးပြီးဆုံးသည်အထိ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းအပ်လက်ခံရရှိရေး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
​​​​​​​လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Jun 13,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Jun 13,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနှင်းသွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို မြို့ဝင်/မြို့ထွက်များနှင့် လမ်းဆုံလမ်းခွများတွင် ယနေ့နံနက် (၉) နာရီက စစ်ဆေးခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်
သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် စာစစ်ဌာန (၅) နေရာ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေး
Jun 13,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုကြမည့် စာစစ်ဌာန (၅) နေရာ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အဆိုပါကျောင်းများ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။