မှော်ဘီမြို့နယ်၌ ၂၀၂၆-၂၀၂၇ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ

မှော်ဘီ မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ (၂၅)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိပြီး မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကိုလည်း မှော်ဘီမြို့နယ်၊ အ-ထ-က(၁) အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာ)ခမ်းမတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားတွင် မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်(၁) ဦးကြည်မြင့်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးဆွေးနွေးမှာ ကြားခဲ့သည်။

ထို့နောက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ အခမဲ့ပေးဝေသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံများ မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး သိန်းထွန်း၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်(၁) ဦးကြည်မြင့်၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်(၂) ဦးကျော်လင်းဇော်၊ မြို့မိမြို့ဖ ဦးဝင်းစိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများထံသို့ ပေးအပ်ခဲ့ကြပြီး မြို့နယ်အတွင်း ကူညီထောက်ပံမှုလိုအပ်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း တာဝန်ရှိသူများ ကျောင်းသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းပေးခဲ့ကြသည်။

ဝင်းဇော်