အင်းစိန် မေ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်များသည် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မိတ်ဆက်တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မေလ ၂၇ ရက် ညနေ ၃ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါမိတ်ဆက်တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းထွေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသန့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲရင့်စိုးညွန့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသူရိန်လင်း (FPTP)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွန်းနိုင်(ခ)ဦးရွှေဘော် (PR) တို့မှ အင်းစိန်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးကို ခရိုင်အဆင့်ဌာနဆိုင်ရာများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်သူများ၏ လိုလားချက်များကို ဆောင်ရွက်ပေးနိုင်ရေးတို့ကို တွေ့ဆုံပြောကြားသည်။ ထို့နောက် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားကြပြီး ဌာန၏လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းထွေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းသန့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲရင့်စိုးညွန့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဦးသူရိန်လင်း(FPTP)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထွန်းနိုင်(ခ)ဦးရွှေဘော်(PR)၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်