ပုဇွန်တောင်မြို့နယ် အမှတ်(၁)ရပ်ကွက်၌ “သန့်ရှင်းစိမ်းလန်းစနစ်ကျ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

ပုဇွန်တောင် မေ ၂၈

ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်နှင့်အညီ အများပြည်သူနှင့်အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေး တိုင်ပင်ရမည့်အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင် ပေးနိုင်ရန် ၊ မိမိရပ်ရွာဒေသမှာ ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေမှုများ ရှိလာစေရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲ များတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် စသည့် ရည်ရွယ်ချက်များ ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ရာမာ ကရစ်ရှနာမစ်ရှင်ဘုရားရှိခိုးဝတ်ပြုကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က သန့်ရှင်းစိမ်းလန်း စနစ်ကျမြို့ပြဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သန့်ရှင်းစိမ်းလန်းစနစ်ကျမြို့ပြဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public talk)အား ကျင်းပရာ ဦးဆောင်ပါဝင်ဆွေးနွေးကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦး၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးစည်သူကြည်မြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ်(၂)ဦးစိုးမြင့်နှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကြည်ဖေလင်းတို့က သန့်ရှင်း စိမ်းလန်းစနစ်ကျသည့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ချပြရှင်းလင်းဆွေးနွေးခဲ့ကြသည်။

၎င်းနောက် တက်ရောက်လာကြသည့် ပြည်သူများက မြို့နယ်သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် သိရှိလိုသည်များကို တင်ပြဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသည့်ပုဂ္ဂိုလ်များက ကဏ္ဍ အလိုက် ရင်းနှီးနွေးထွေးစွာ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ အဆိုပါ ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦး၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်(၁) ဦးစည်သူကြည်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) ဦးစိုးမြင့်နှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကြည်ဖေလင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဟန်စုယဉ်နှင့်ဝန်ထမ်းများ၊ အမှတ်(၁) ရပ်ကွက် အတွင်းရှိ ပြည်သူများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ဟန်စုယဉ်