ကော့မှူး မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့က ဝါးဘလောက်သောက်ကျေးရွာ မူလရွာလယ် ဘုန်းတော်ကြီးကျောင်းတိုက်၌ ဆောင်ရွက်ပေးနေကြောင်းသိရသည်။
ထိုသို့ဆေးကုသပေးရာတွင် ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဗိုလ်မှူး/ ဗိုလ်ကြီး ဟန်လင်းထွန်းဦးဆောင်သော အရိုးအကြော၊ မျက်စိ၊ နားနှာခေါင်း၊ လည်ချောင်း၊ သားဖွားမီးယပ်၊ သွားနှင့်ခံတွင်းစသည့်ရောဂါများနှင့် ပတ်သက်သော ဆေးတပ်ဖွဲ့ဝင်များက ဝါးဘလောက် သောက်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျေးရွာန ရဟန်း၊ သံဃာနှင့် ကျေးရွာနေ ပြည်သူစုစုပေါင်း (၁၄၆) ဦးတို့အား သက်ဆိုင်ရာ ရောဂါများအလိုက်စမ်းသပ်၍ ကုသပေးခြင်း အပြင် ဆေးဝါးများလည်း အခမဲ့ပေးခဲ့ကြောင်းသိရသည်။
ယင်းသို့အခမဲ့ဆေးဝါးကုသပေးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ချိုမျိုးထိုက်နှင့်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည် များအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)