သတင်းများ

ကျိုင်းတုံမြို့နယ်အတွင်းရှိ  စားသောက်ဆိုင်များ ကိုဗစ်-၁၉  စည်းကမ်းချက်များနှင့်အညီ စနစ်တကျပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ  စားသောက်ဆိုင်များ ကိုဗစ်-၁၉  စည်းကမ်းချက်များနှင့်အညီ စနစ်တကျပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန် နေ့က မြို့နယ်စည်ပင်သာယာရေးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုးကုတ်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)တွင်(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့(အကြို) အထိမ်းအမှတ်အသိပညာပေး Talk Show ကျင်းပ
Nov 27,2021
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre )တွင် ယမန်နေ့ မွန်းလွဲ ၁နာရီခွဲခန့်က (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့(အကြို)အထိမ်းအမှတ်အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လွယ်ဂျယ်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ
Nov 27,2021
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သ ဆက်ဆံရေးဦးစီးဌာနရုံးမှ စီစဉ်ကျင်းပသော စာအုပ်စာစောင်ပြပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်တွေခရိုင်လယ်ယာ​မြေ စီမံခန့်ခွဲမှုအဖွဲ့မှ သီးနှံနှင့် မြေယာလျော်ကြေးငွေများအား ပေးအပ်ခြင်း အခမ်းအနား ကျင်းပ
Nov 27,2021
စစ်တွေခရိုင်လယ်ယာ​မြေ စီမံခန့်ခွဲမှုအဖွဲ့မှ  သီးနှံနှင့် မြေယာလျော်ကြေးငွေများအား ပေးအပ်ခြင်း အခမ်း အနားကို ယမန်နေ့နံနက် ၁၁ နာရီက စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ထားဝယ်မြို့တွင် သစ်သီးဖျော်ရည်နှင့် ယိုမျိုးစုံထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ်(၂/၂၀၂၁)ဖွင့်လှစ်
Nov 27,2021
တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်း ရရှိစေနိုင်စေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သောစားသောက်ကုန်များ ထုတ်လုပ် တတ်စေရန်အတွက် သစ်သီးဖျော်ရည်နှင့် ယိုမျိုးစုံထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၁) ကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က တိုင်းဒေသကြီးရုံး သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ဟိုပန်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် " သတင်းစကား" လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ
Nov 27,2021
 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှစီစဉ်ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်" သတင်းစကား "လက်ကမ်းစာစောင်များအား ယမန်နေ့ နံနက်ပိုင်းက ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက ဟိုပန် မြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲ(ရွှေဝါ)နှင့် အခြေခံပညာ အလယ်တန်းကျောင်း (ကောင်းကော်) ကျောင်းများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲအထိမ်းအမှတ် အကြို Talk Show ကျင်းပ
Nov 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ‌ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေး Talk Show အစီအစဉ်ကို လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယမန်‌နေ့ ၃နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့Community Centre ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များပြသ
Nov 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန ( Cimmunity Centre)ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး နံရံကပ် စာစောင်များကို ယနေ့ နံနက် ၁၀ နာရီက ပြသခဲ့ကြောင်း သိရသည်။