ဟိုပန်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် " သတင်းစကား" လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

ဟိုပန်   နိုဝင်ဘာ   ၂၇

 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှစီစဉ်ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်" သတင်းစကား "လက်ကမ်းစာစောင်များအား ယမန်နေ့ နံနက်ပိုင်းက ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက ဟိုပန် မြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲ(ရွှေဝါ)နှင့် အခြေခံပညာ အလယ်တန်းကျောင်း (ကောင်းကော်) ကျောင်းများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ "သတင်းစကား" လက်ကမ်း စာစောင်တွင် အမျိုးသားအောင်ပွဲနေ့  ဦးတည်ချက်၊ နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်း ကောက်နုတ်ချက်များ၊  အမျိုးသာရေး စိတ်ဓာတ်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည်စာရင်းများနှင့် အမျိုးသားအောင်ပွဲနေ့ ဆိုင်ရာ ဆောင်ပုဒ်၊ ကဗျာများ အစရှိသည့် အကြောင်းအရာများ ပါဝင် ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)