ကျိုင်းတုံ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန် နေ့က မြို့နယ်စည်ပင်သာယာရေးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်က အမှာစကားပြောကြားပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမောင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်မြင့် တို့ က ကျိုင်းတုံမြို့နယ်အား နိုဝင်ဘာလ ၂၅ ရက် မှ စ၍ stay at home အစီအစဉ်တွင် အကျုံး ဝင်ခြင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်၍ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ စည်းကမ်းချက်များကို မိမိအကျိုး၊ အများပြည်သူအကျိုးအတွက် တိကျစွာလိုက်နာ၍ ပြန်လည် ဖွင့်လှစ်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် မြို့နယ်အတွင်းရှိ စားသောက် ဆိုင်နှင့် လဘက်ရည်ဆိုင်များ၊ ဆိုင်ရှင်များ၊ အလုပ်သမားများ အားလုံးကို ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပေးပြီးမှ ပြန်လည်ရောင်းချခွင့်ပြု မည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံ ရမှုရှိမရှိ အခမဲ့စစ်ပေးမည်ဖြစ်၍ ဆေးထိုး၊ ဆေးစစ်မည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေး ပြောကြားရာ တက်ရောက်လာကြသည့် စားသောက်ဆိုင်ပိုင်ရှင်များက သိလိုသည်များမေးမြန်း ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)