မိုးကုတ် နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre )တွင် ယမန်နေ့ မွန်းလွဲ ၁နာရီခွဲခန့်က (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့(အကြို)အထိမ်းအမှတ်အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်နန်းခွာညိုနှင်းမှ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲ နေ့(အကြို) အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ် ချက်အားရှင်းလင်းပြောကြားပြီးတစ်နိုင်ငံလုံးရှိအများပြည်သူများအားမျိုးချစ်စိတ်ဓာတ်ရှင်သန်စေသောနေ့အဖြစ် အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းကို စာကြည့်တိုက် လက်ထောက် ၃ဒေါ်သက်သက်ဦးနှင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာပေးအဖြစ်TalkShow ပြုလုပ်ဆောင်ရွက်ရခြင်း၊ Onlineမှတဆင့်ပုံပြင်ပြောခြင်း၊ စာအုပ် မိတ်ဆက်ခြင်း၊ ကဗျာရွတ်ခြင်း အစီစဉ်များကို အပတ်စဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရ သည်။
နန်းခွာညိုနှင်း