ဗန်းမော် နိုဝင်ဘာ ၂၇
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သ ဆက်ဆံရေးဦးစီးဌာနရုံးမှ စီစဉ်ကျင်းပသော စာအုပ်စာစောင်ပြပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စာအုပ်စာစောင်ပြပွဲတွင် ဒေသခံပြည်သူများအား အသိပညာဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ် စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ ကြသည်။ ဆက်လက်၍ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ကျင်းပကြရာ ကျောင်းသား ကျောင်းသူများအား ပါဝင်ယှဉ်ပြိုင်နေမှုကို မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)