ရမည်းသင်း ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၉နာရီခွဲက ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက လွှတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ ဆောင်ရွက်နိုင်ရေး အစီအစဉ်ကို ရှင်းလင်းပြောကြားပြီး ပျော်ဘွယ်မြို့နယ်ဦးစီးမှူးဒေါ် စန်းစန်းကြူက အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊စာအုပ်စာစောင်ပြပွဲ ကျင်းပရန် ညှိနှိုင်း ဆောင်ရွက်ထားခြင်းကို ရှင်းလင်းကာ ရမည်သင်းခရိုင်ရုံး ဒုတိယဦးစီးမှူးဒေါ်နှင်းယုအေးမှ မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ မိမိရုံးလူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကျင်းပမည့် လုပ်ငန်းစီမံချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးက လွှတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ် စာစောင်ပြပွနှင့် ပုံပြင်ပြောပြိုင်ပွဲများကျင်းပနိုင်ရေး ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရေး နှင့်ဝန်ထမ်းတစ်ဦချင်း လုပ်ငန်းတာဝန်များနှင့် ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားစေရန် လုပ်ငန်းများကိုအရှိန် အဟုန်ဖြင့် ကြိုးစားဆောင်ရွက်ရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်