လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများအား သိရှိနိုင်စေရန်အတွက်  ပိုးကရင်၊ မြန်မာဘာသာတို့ဖြင့် အသိပေး နှိုးဆော်

လှိုင်းဘွဲ     ဒီဇင်ဘာလ   

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊  ကိုဗစ်-၁၉ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာစကားတို့ဖြင့် အသိ ပညာပေးနှိုးဆော်မှုများအား လက်ကိုင်စပီကာအသံချဲ့စက် ဖြင့်ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှည့်လည်အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအနေဖြင့်  မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြပါရန်၊ အခြားသူများနှင့် အနည်းဆုံး ()ပေ အကွမှ ခပ်ခွာခွာနေထိုင်ကြပါရန် (Mask)မတပ်သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးပါ၊ သက်ကြီး ရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီးအသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက အိမ်တွင်ကြိတ်ပြီး ဆေးကုသမှုမျိုးမပြုလုပ်ရန်၊ နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အနေဖြင့်ကိုယ်စီ လိုက်နာ ကြပြီး ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြပါရန်နှင့် မိမိနှင့်မိမိတို့ မိသားစုဝင်များအတွက်မဖြစ်မနေ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံကြရန်၊ ဆေးထိုးစုရပ်များနှင့် ဆေးထိုးရမည့် နေ့ရက်များကိုအသိပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။         

စောဒိ(ပြန်/ဆက်)