ဆွမ်ပရာဘွမ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ သားဆက်ခြားအသိပညာပေးTalk Showကျင်းပ

ဆွမ်ပရာဘွမ်   ဒီဇင်ဘာ    ၁

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သားဆက်ခြားအသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က     မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို မြို့နယ်ဦးစီးမှူး ဒေါ်ဂျေအားနာက ရှင်းလင်းပြောကြားပြီး မိခင်နှင့် ကလေးကျန်းမာရေးဌာနက ဘက်စုံသားဖွား ဆရာမဒေါ်ဘောက်ဆိုင်းက သားဆက်ခြားနည်းလမ်းများသည် မိသားစု စီမံကိန်းဖြစ်သဖြင့် သမားရိုးကျ သားဆက်ခြားနည်းလမ်းများ၊ ရာသက်ပန်သားဆက်ခြားနည်းလမ်းများ၊ ရေရှည်သားဆက်ခြား နည်းလမ်းများ၊ ရေတိုသားဆက်ခြားနည်းလမ်းများ၊ သားအိမ်တွင်းပစ္စည်းထည့်ခြင်း၊ လက်မောင်းအရေပြား အောက်ပစ္စည်းထည့် ခြင်း၊ အရေးပေါ်သားဆက်ခြားနည်းလမ်းများ စသည့်အကြောင်းအရာများ စုံလင်စွာဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)