ချောင်းဦး ဒီဇင်ဘာလ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံး၌ ဒီဇင်ဘာလ ၁ ရက်၊ နံနက် ၉ နာရီ အချိန်က စိုက်ပျိုးနည်းပညာပေးသင်တန်းပို့ချခြင်းနှင့် တောင်သူများအား လက်တွေ့သရုပ် ပြသခြင်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ကြောင်း သိရှိရပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို အထွေေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမောင်မောင်မျိုးခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ချောင်းဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ယခုလို သင်တန်းပို့ချရခြင်းဖြင့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး၊ လယ်ယာဏ္ဍဖွံ့ဖြိုး တိုးတက်ရေးတွင် များစွာအထောက် အကူဖြစ်စေရန် ရည်ရွယ် ပြီး ပြုလုပ် ရပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်သီးနှံကာကွယ်ရေးတာ၀န်ခံ ဦးမြင့်လွင် က ပိုးမွှားရောဂါကျ ရောက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရမည်နည်းပညာများနှင့် ဝါသီးနှံအထွက်နှုန်း တိုးတက်ရေး နည်းပညာများ ဆွေးနွေးပို့ချခဲ့ပါသည်။ ၄င်းနောက် ခရိုင်မြေအသုံးချရေး တာ၀န်ခံ ဒေါ်စီစီ၀မ်း က မြေဩဇာအကျိုးရှိရှိ သုံးစွဲရေး၊ သဘာ၀ မြေဆွေးပုံများပြုလုပ်သုံးစွဲရေး နည်းပညာများကို ဆွေးနွေးပို့ချခဲ့ပြီး၊ ရွက်ဖျန်းအားဆေး၊ ငါးအမိုင်နို ပြုလုပ်နည်း သဘာ၀ပိုးတားဆေး ပြုလုပ်နည်းများကို လက်တွေ့ပြုလုပ် ပြသခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ချောင်းဦးမြို့နယ် အထွေေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမောင်မောင်မျိုးခိုင်၊ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်သီးနှံကာကွယ်ရေး တာ၀န်ခံဦးမြင့်လွင်၊ ခရိုင်မြေ အသုံးချရေး တာ၀န်ခံ ဒေါ်စီစီ၀မ်း၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်မြတ်မြတ်ဦး နှင့်၀န်ထမ်းများ နှင့် ကျေးရွာအုပ်စု ၇ အုပ်စုမှ တောင်သူ ၃၀ ဦး၊ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။
အိအိအောင်(ချောင်းဦး)