ပန်းခင်းစီမံချက်ဖြင့်   နိုင်ငံသားစိစစ်ရေးကတ် တစ်သောင်းနှစ်ထောင်ကျော်နှင့်  အိမ်ထောင်စုလူဦးရေးစာရင်း လေးရာကျော် ထုတ်ပေးပြီးစီး

မိတ္ထီလာ   ဒီဇင်ဘာ   ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် တစ်သောင်းနှစ်ထောင်ကျော်နှင့် အိမ်ထောင်စုလူဦးရေးစာရင်း လေးရာကျော် ဆောင်ရွက်ပေးနိုင်ခဲ့ ပြီး ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လိုသူများကို သတ်မှတ်ထားသည့် စီမံချက်ကာလအတွင်း အချိန်မီပြီးစီးရေး မြို့နယ် ဦးစီးမှူး ဦးမောင်မောင်ကြိုင် ဦးဆောင်၍ ဝန်ထမ်းများက မေလ  ၃ ရက်နေ့မှ စတင်၍ မြို့နယ် အတွင်းရှိ ရပ်ကွက်(၁၄)ခုနှင့် ကျေးရွာ အုပ်စု(၅၈)အုပ်စုတို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။  ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ရပ်ကွက် (၁၀)ခု ၊တပ်ရင်းတပ်ဖွဲ့ (၇)ခုနှင့်ကျေးရွာအုပ်စု (၃၇)စုတို့ကို ကွင်းဆင်းဆောင်ရွက်ပြီးခဲ့ရာ  နိုင်ငံသားစိစစ်ရေးကတ်မရှိသူ အသက်(၁၆)နှစ်နှင့် အသက်(၁၈)နှစ်ကြား (၆၅၇)ဦး၊  အသက် (၁၈)နှစ်နှင့်အထက် (၁၁၉၃၆)ဦးနှင့် အိမ်ထောင်စုစာရင်း (၄၁၆)ခုတို့ကို ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း   သိရသည်။

ကျန်ရှိနေသော ရပ်ကွက်နှင့် ကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လိုသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)