လှိုင် ဒီဇင်ဘာ ၁ ရက်
မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့် ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး အတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများက(၁၅) ရပ်ကွက် ဗဟိုလမ်းအုတ်ကျင်းဘူတာရုံနှင့် ပိတောက်ချောင်း (ဗဟိုလမ်းဘေး)တွင် ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းခြင်း လုပ်ငန်းများအား ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။ အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် အမှိုက်များ နုံးများ၊ ဆယ်ယူရှင်းလင်းခြင်း၊ ချောင်းဘေးရှိသစ်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း အစရှိသည့် လုပ်ငန်းများကို စည်ပင်သာယာသန့်ရှင်းရေး လုပ်သာများ၊ ရေစီးရေလာ လုပ်သားများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)