ကံမ ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ခြောက်ပင်ကျေးရွာတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် ဆောင်းမြေပဲသီးနှံ ဂျစ်ပဆန်ထည့်သွင်းခြင်း စံပြစိုက်ကွက်အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ယနေ့ နေ့လည်က ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ခြောက်ပင်ကျေးရွာရှိ တောင်သူ ဦးညွန့်လှိုင်နှင့် တောင်သူ(၅)ဦး တို့၏ စံပြစိုက်ဧက (၁၀)ဧကတွင် စိုက်ပျိုးထားရှိသည့် ဆင်းပဒေသာ (၁၁)အမျိုးအစား ဆောင်းမြေပဲ သီးနှံအား ဂျစ်ပဆန်ထည့်သွင်းခြင်းကို ကြည့်ရှုအားပေးခဲ့ပြီး မြေပဲစိုက် တောင်သူများနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားကာဒေသခံတောင်သူများ၏ တင်ပြချက်များအား သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အသစ်တည်ဆောက်သည့် ရေနံ့သာတံတားတည် ဆောက်နေမှုအား ကြည့်ရှု၍ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအား လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံမမြို့သို့ ဆက်လက် ထွက်ခွာလာပြီး ယွန်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ ဆရာတော်အား လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်သည် အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုအား ကြည့်ရှုခဲ့ပြီး ညနေ ၃ နာရီအချိန်၌ မင်းတုန်းမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)