သာစည်မြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူ ၈၄၀၄ ဦး တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်းသိရ

သာစည် ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြား လျက်ရှိ သည့် အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၂၄ ရက်မှ စတင်၍ သက်ဆိုင်ရာ အခြေခံပညာကျောင်း ဆေးထိုးစုရပ်များတွင် ထိုးနှံပေးခဲ့ရာ အထက်တန်းနှင့် အလယ်တန်း ကျောင်းသား/သူ ၈၄၀၄ ဦး တို့အား Sinovac ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် သာစည်မြိုနယ်အတွင်းရှိ အခြေခံပညာကျောင်း ၉၃ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်း၊ စုစုပေါင်း ၉၅  ကျောင်းတို့မှ အသက် ၁၂ နှစ်နှင့်အထက် အထက်တန်းနှင့် အလယ်တန်း ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းဖြစ်ပြီး ယမန်နေ့အထိ  ပထမအကြိမ်ထိုးနှံပြီးစီးသူ အထက်တန်းဆင့် ကျောင်းသား/သူ  ၂၉၃၈ ဦး၊ အလယ်တန်းဆင့် ကျောင်းသား/သူ  ၈၁၇၆ ဦး၊ စုစုပေါင်း ၁၁၁၁၄ ဦး၊ ဒုတိယအကြိမ်  ထိုးနှံပြီးစီးသူ အထက်တန်းဆင့် ကျောင်းသား/သူ ၂၀၅၅ ဦး၊ အလယ်တန်းဆင့် ကျောင်းသား/သူ ၆၃၄၉ ဦး၊ စုစုပေါင်း ၈၄၀၄ ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်၁၉ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကာကွယ်ဆေးထိုးနှံရန် လာ‌ရောက်ကြသည့် အသက်၁၂နှစ် နှင့်အထက် ကျောင်းသား / သူများအား သတ်မှတ်ဆေးထိုးစုရပ် အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲဝင်များ၊ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ Volunteer များက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် ပေးပြီး မိနစ် (၃၀)ခန့် အနားယူစေ၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြိုနယ် (ပြန်/ဆက်)