ဘားအံမြို့လူထုအခြေပြုဗဟိုဌာနCommunity Centreခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲTalk Show ကျင်းပ

ဘားအံ ဒီဇင်ဘာ ၂

ကရင်ပြည်နယ် ဘားအံမြို့တွင် ဒီဇင်ဘာလ ၃ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲTalk Showကို ဘားအံခရိုင်ထုလူထု အခြေပြု ဗဟို ဌာနCommunity Centre ခန်းမတွင်ယနေ့ နံနက်၁၁နာရီကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ ကိုရှင်းလင်းပြော ကြားပြီး၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ကရင်ပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုသွယ်ဝင်းက အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ သည်။၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်မှာ “အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့ သည့် ကိုဗစ်-၁၉ အလွန် ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင်ကြိုးစားပေး ” ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)