မိတ္ထီလာမြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြပွဲ ဆောင်ရွက်

မိတ္ထီလာ  ဒီဇင်ဘာ ၃

မိတ္ထီလာမြို့မဈေးကြီး၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးရည်ရွယ်ချက်ဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ​ မြို့မဈေးကြီးရှိ ဈေးဆိုင်များ၊ ဈေးရုံတန်းများ အနီးတွင် ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲတွင် မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများနှင့် ဈေးရုံတန်း များတွင် မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ရေးယာဉ်များဖြင့် လက်တွေ့မီးငြှိမ်းပုံကို ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကြီးအရန်မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြဆောင်ရွက်သည်။

အဆိုပါ  မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လေး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်နှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့ တာဝန်ရှိ သူများက တက်ရောက်ကြည့်ရှုအားပေးသည်။ ၎င်းနောက် မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင် ကာကွယ် ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားသော မီးသတ်ရေကန်များ၊ မီးသတ်ရေငုတ်များနှင့် မီးငြှိမ်းသတ်ရေးစက်များကို တာဝန်ရှိ သူများက လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ မိတ္ထီလာမြို့မဈေးကြီးတွင် ဈေးကြီး၊ ဗဟိုဈေးနှင့် ပိတောက်မြိုင်ဈေး စုစုပေါင်း ဈေး ၃ ဈေး ပါဝင်ပြီး ဈေးရုံတန်းပေါက်း ၁၄၅ ရုံနှင့် ဈေးဆိုင်ခန်းပေါင်း ၂၂၆၁ ခန်းခန့်ရှိကြောင်း သိရသည်။

ချမ်းသာ