ပျော်ဘွယ် ဒီဇင်ဘာ ၃
ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် ဝန်ထမ်းများစုပေါင်း၍ ဖွဲ့စည်း ခဲ့သော အငြိမ်းစားဝန်ထမ်းများ နာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌ ဦးရဲမြင့်က မိမိတို့အသင်းသည် ငွေကြေးနှင့်ဆက်နွယ်နေသည့်အတွက် အထင် အမြင် လွဲမှားမှု မဖြစ်ပေါ်စေရန်နှင့် အသင်းဝင်များ ယုံကြည်အားကိုးမှု ဖြစ်ပေါ်ရေး၊ အကူအညီတောင်းခံ လာပါက ကူညီ ဖြေရှင်းပေးနိုင်ရေး၊ စာရင်းဇယားများ တိကျမှန်ကန်စွာ ထိန်းသိမ်းထားနိုင်ရေး တို့ကို ဆွေးနွေး ပြောကြားသည်။
ပျော်ဘွယ်မြို့နယ်အတွင်း ဖွဲ့စည်းခဲ့သော အငြိမ်းစားဝန်ထမ်းများ နာရေးကူညီမှုအသင်းတွင် အသင်းဝင် စုစုပေါင်း (၁၂၀၀) ဦး ခန့်ရှိကြောင်း၊ နာရေးဖြစ်ပေါ်ပါက ယနေ့အချိန်ကာလတွင်တစ်ဦးလျှင် ငွေကျပ် (၁၆၀၀၀၀) ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး (ပျော်ဘွယ်)