မိုင်းရှူးမြို့နယ်အတွင်း (၃.၅.၂၀၂၁) ရက်နေ့မှ (၃၀.၁.၂၀၂၁) ရက်နေ့ထိ "ပန်းခင်း"စီမံ ချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း(၁၀၂၀)ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၈၅၄)ခု စိစစ်ထုတ်ပေး ပြီးဖြစ်

 မိုင်းရှူး      ဒီဇင်ဘာ       ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်အတွင်း (ပန်းခင်း)စီမံချက်ဖြင့် အိမ်ထောင် စု လူဦးရေစာရင်း၊နိုင်ငံသား စိစစ်ရေး ကတ်ပြားများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ပန်းခင်းစီမံချက် ဖြင့်၂၀၂၁ခုနှစ်၊ မေလ ၃ ရက် နေ့မှ ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ ၃ရက် နေ့ အထိ (၁၈)လ တာကာလ သတ်မှတ်ရာ မိုင်းရှူးမြို့ နယ်တွင် နိုဝင်ဘာလကုန်အထိ အိမ်ထောင် စု လူဦးရေ စာရင်း(၁၀၂၀)စု၊ အသက်(၁၀)နှစ် မှ(၁၈)နှစ်ကြားနိုင်ငံသား စိစစ်ရေးကတ်ပြား နိုင်-၃ (က)ဆောင်ရွက်ထုတ်ပေးမှု စုစုပေါင်း(၁၀၄၄)ဦး ၊ အသက် (၁၈)နှစ်နှင့်အထက်နိုင်ငံ သားစိစစ်ရေးကတ်ပြား နိုင်-၆(က) ဆောင်ရွက်ထုတ် ပေးမှု(၁၃၈၁)ဦး ၊အသက်ပြည့် လဲလှယ် ဆောင်ရွက်သူ(၂၂၄)ဦး၊  ပျောက်ပျက်မိတ္တူ ဆောင်ရွက်သူ(၂၀၅)ဦး ဖြစ်ပြီး စုစုပေါင်း(၂၈၅၄)ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှမြို့ နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)