ပင်လောင်းမြို့နယ်တွင် မသန်စွမ်းသူများ နှင့်ပတ်သက်သည့်  အခွင့်အရေးများ ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ပင်လောင်း   ဒီဇင်ဘာ   ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ ဒီဇင် ဘာလ ၃ ရက်နေ့၊ ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုသောအားဖြင့်  မသန်စွမ်းသူများနှင့်ပတ်သက်သည့် အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး  Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းက မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်စေရန် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်၀င်းမာက မသန်စွမ်းသူများဆိုင်ရာ ဉာဏ်ရည်ချို့ယွင်း နေသူများ၏ လက္ခဏာများ၊ အသိဉာဏ်ပိုင်း မသန်စွမ်းခြင်းဆိုင်ရာများ၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက် ရေး၊ မသန်စွမ်းသူအမျိုးအစား၊ မသန်စွမ်းသူများ အတွက်ပြဌာန်းပေးထားသည့် အခွင့်အရေး ဥပဒေများ၊ မသန်စွမ်းသူများ၏ ပညာရေးနှင့် ပတ်သက်ပြီး ဥပဒေပါ အခွင့်အရေးများ၊ မြန်မာ နိုင်ငံတွင်ရှိသည့် မသန်စွမ်းသူများ၏ ပညာတတ်မြောက်မှုနှုန်း၊ မသန်စွမ်းသူများ၏ နိုင်ငံရေးနှင့်ပြည်သူ့ရေးရာ နယ်ပယ်များတွင်ပါဝင်ဆောင်ရွက်ခြင်း၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်များ စသည်တို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိ ပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)