မိတ္ထီလာတွင် ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများအားထပ်ဆင့်ဂုဏပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Dec 30,2021
မိတ္ထီလာခရိုင်အတွင်းရှိ ၂ဝ၂၁ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့ဆိပ်တော် အလှူခံရရှိတော်မူတော် ဆရာတော်ကြီး ၇ ပါး နှင့် သီလရှင်ဆရာကြီး ၁ ပါးတို့အား ထပ်ဆင့်ဂုဏပူဇာသဘင်နှင့် ၂ဝ၂၁ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ၊ နိကာယ်ငါးရပ်စာမေးပွဲနှင့်ပါဠိ ပထမပြန်စာမေးပွဲတို့တွင် ဖြေဆို အောင်မြင်တော်မူသည့် စာအောင်သံဃာတော်နှင့် သီလရှင်၂၆၅ ပါးတို့အားပူဇော်သော စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က အောင်မင်္ဂလာခန်းမတွင် ကျင်းပကြောင်း သိရသည်။