သတင်းများ

ကံမမြို့နယ် ကြို့ပင်ကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်
Dec 30,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကြို့ပင်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ပိုင်ကျုံမြို့တိုက်နယ်‌ ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ပဉ္စမအသုတ်(ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံပေး
Dec 30,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် Onlineဝန်ဆောင်မှုစနစ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Dec 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် Onlineဝန်ဆောင်မှု စနစ်ဖြင့် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ အ.ထ.ကကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲ ကျင်းပ
Dec 30,2021
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ အ.ထ.ကကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို အားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျင်းပပြုလုပ်ကြောင်း သိရသည်။
လေးမျက်နှာမြို့ သန့်ရှင်းသာယာ‌ရေးအတွက် စုပေါင်းအမှိုက်‌ကောက်ခြင်းနှင့် သန့်ရှင်း‌ရေး ပြုလုပ်ဆောင်ရွက်
Dec 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ယနေ့နံနက် (၇)နာရီအချိန်က မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်း‌ရေးပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် လေးမျက်နှာမြို့ ဗိုလ်ချူပ်လမ်းမကြီးတစ်လျှောက်၌ ပြုလုပ်ခဲ့သည်။
ဒီဇင်ဘာလူထုလှုပ်ရှားမှုအဖြစ် ကျောက်မဲခရိုင်၊ မိုးလုံလေလုံ အားကစားရုံအတွင်း၌ စားပွဲတင် တင်းနစ်ပြိုင်ပွဲကျင်းပ
Dec 30,2021
ကျောက်မဲခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကျောက်မဲစားပွဲတင် တင်းနစ်ကလပ်တို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီမှစပြီး ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံအတွင်း၌ ဒီဇင်ဘာလူထုလှုပ်ရှားမှုအဖြစ် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အိုမီခရွန်(0micron)အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး များကို သတိပြုကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အိုမီခရွန် (0micron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာကွယ်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၃၀ ရက်က ရပ်ကွက်နှင့် ကျေးရွာများသို့ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စားဖိုဆောင်သီးနှံ ကြက်သွန်နီများ GAP နည်း စနစ်ဖြင့်စိုက်ပျိုး
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာနှင့် တမာပင်ကွင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စားဖိုဆောင်သီးနှံကြက်သွန်နီ GAP နည်းစနစ် ဖြင့်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြသစိုက်ပျိုးခဲ့သည်။