ကော့မှူးမြို့နယ် ဗဟိုစာကြည့်တိုက်သို့ စာအုပ်များလှူဒါန်း
Dec 29,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ် ဗဟိုစာကြည့်တိုက်နှင့် ကျေးရွာစာကြည့်တိုက်များတွင် အသုံးပြုနိုင်စေရေးအတွက် ရည်ရွယ်၍ စာအုပ်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။