အင်္ဂပူမြို့နယ် ထူးကြီးမြို့၌ အမှိုက်မစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက်
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ထူးကြီးမြို့အတွင်း ဖြတ်သန်းသွားသော ဟင်္သာတ-ဆုံကုန်း-မြန်အောင် လမ်းမကြီး လမ်းဘေးဝဲယာအား သန့်ရှင်းသာယာလှပရေး၊ ပြည်သူများ အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်ရေးနှင့် လမ်းဘေး ဝဲယာတွင် အမှိုက်များမစွန့်ပစ်ရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်း၍ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က စုပေါင်းအမှိုက်ကောက်ခြင်းပြုလုပ်ခဲ့သည်။