ကျိုက်ဒုံမြို့(အ.ထ.က) ကျောင်းဝင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲ ကျင်းပ

ကျိုက်ဒုံ ဒီဇင်ဘာလ ၂၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်း၌  ယနေ့ နံနက် ၉ နာရီခွဲက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲ ကျင်းပသည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ကျိုက်ဒုံမြို့ (အ.ထ.က) ကျောင်းမှ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက အာလူးကောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ စသည့် အားကစားနည်းများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်းအဆင့် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသူများအား ဆရာ၊ ဆရာမ

များက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)