သတင်းများ

ခင်ဦးမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်
Dec 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် စာပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိသူများကို ယနေ့က အဆိုပါ ပြိုင်ပွဲများတွင် ဆုများအသီးသီးချီးမြှင့် ခဲ့သည်။
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
(၄၇)ကြိမ်မြောက် အာခါတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်၊ “အာခါအမျိုးသားနေ့” အထိမ်းအမှတ် မိတ်ဆုံစားပွဲကျင်းပ
Dec 29,2021
အာခါ တိုင်းရင်းသားတို့၏ ၄၇ကြိမ်မြောက် စုပေါင်းနှစ်သစ်ကူးပွဲတော်နှင့် အာခါအမျိုးသားနေ့ အထိမ်အမှတ် မိတ်ဆုံညစာစားပွဲကို ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီက ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက်၊ ကောင်းကန်ရပ်ရှိ အမေ့ရင်ခွင်ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
မလှိုင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Dec 29,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာကေတ ၇/ အရှေ့ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်
Dec 29,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ် တစ်မျိူးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလပထမပတ်မှ စတင်၍ ပြည်သူများအား ဆောင်ရွက် ပေးလျက်ရှိသည်။
မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၁)ဦး ထပ်မံ စစ်ဆေးတွေ့ရှိ
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ယန်းကောင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယမန်နေ့ နံနက်ပိုင်းက RDT (Tesk Kit)ဖြင့် အခမဲ့သွားရောက် စစ်ဆေးပေးခဲ့ရာ (၁၁)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထမ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
တောင်ပြိုလက်ဝဲမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကျင်းပ
Dec 29,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် ကျင်းပသည်။
ကျေးသီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ပြုလုပ်
Dec 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၂ ခုနှစ်၊ ဇန်န်ဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက်နေ့မွန်းလွဲ (၂)နာရီက ပြုလုပ်ခဲ့သည်။