ခင်ဦးမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်

ခင်ဦး ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် စာပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိသူများကို ယနေ့က အဆိုပါ ပြိုင်ပွဲများတွင် ဆုများအသီးသီးချီးမြှင့် ခဲ့သည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စာပွဲတင်တင်းနစ်ပြိုင်ပွဲတို့တွင် ဆုရရှိသူများ;ကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်တို့က ဆုတံဆိပ်နှင့် ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း()သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် (၁၀) ဦး ယှဉ်ပြိုင် ကစားကြကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)