မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

မိုင်းပျဉ်း ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန် တတ်နိုင်သမျှမိမိအိမ်၌သာ နေရန်၊ ပြင်ပ ဧည့်သည်များအား အိမ်တွင်လက်မခံကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask)တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး(၆)ပေအကွာမှ နေထိုင်ပြောဆိုကြရန်၊ လူစုလူဝေး ပြုလုပ်သွားလာခြင်းများ ရှောင်ကြဉ်ကြရန်နှင့် ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူကြပါရန် စသည့်အချက်များကို အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး အနေဖြင့်လည်း အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို လူစည်ကားရာနေရာများတွင် သာမက မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများသို့လည်း ကွင်းဆင်း၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)