(၄၇)ကြိမ်မြောက် အာခါတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်၊ “အာခါအမျိုးသားနေ့” အထိမ်းအမှတ် မိတ်ဆုံစားပွဲကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၂၉

အာခါ တိုင်းရင်းသားတို့၏ ၄၇ကြိမ်မြောက် စုပေါင်းနှစ်သစ်ကူးပွဲတော်နှင့် အာခါအမျိုးသားနေ့ အထိမ်အမှတ် မိတ်ဆုံညစာစားပွဲကို ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီက ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက်၊ ကောင်းကန်ရပ်ရှိ အမေ့ရင်ခွင်ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။ 

ရှေးဦးစွာ တက်ရောက် လာသူများက နိုင်ငံတော်အလံနှင့် အာခါအမျိုးသားအလံအား အလေး ပြုပြီး အာခါအမျိုးသားသီချင်းသီဆိုသည်။

ဆက်လက်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ဂုဏ်ပြု အမှာစကား ပြောကြားပြီးတိုင်းမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့ခွဲဥက္ကဋ္ဌဦးရဲနိုင်တို့က ပွဲတော်ဖြစ် မြောက်ရေး ကော်မတီထံ အလှူငွေ ၅ သိန်းကျပ်စီ ပေးအပ်သည်။

ဆက်လက်၍ ပွဲဖြစ်မြောက်ရေးကော်မတီ နာယကဦးမင်းညိုက နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းကျော်က အာခါတိုင်ရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ ဥက္ကဋ္ဌထံမှ ပေးပို့သည့်  အာခါအမျိုးသားနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် တက်ရောက်လာသူများအား အာခါရိုးရာညစာဖြင့် တည်ခင်းပြီး အခါတိုင်းရင်းသား လူငယ်မောင်မယ်များက အကအလှ တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်သည်။

"အာခါတိုင်းရင်းသားများသည် နေထိုင်ရာဒေသအလိုက် ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှု ကွဲပြား သော်လည်း အမြင့်မြတ်ဆုံးဖြစ်သော မျိုးရိုးအစဉ်အဆက် အခေါ်အဝေါ် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းနှင့် ဘာသာစကားတစ်ခုတည်းကိုသာ အလေးအမြတ်ထား လိုက်နာကျင့်သုံး လျက်ရှိပြီး ထိုအစည်အလာကို စဉ်ဆက်မပျက် ဆက်လက် ထိန်းသိမ်းသွားကြရန် တိုက်တွန်း အပ်ကြောင်းနှင့် လူမှု၊စီးပွားဖွံ့ဖြိုးတိုးတက်‌သော အာခါတိုင်းရင်းသားလူမျိုးများ ဖြစ်ပါ စေကြောင်း" အခါအမျိုးသားနေ့ သဝဏ်လွှာ၌ ‌ပါရှိသည်။

မောင်မောင်နိုင်(ကျိုင်းတုံ)