မော်လမြိုင်တက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နှင့် ၂၀၂၁-၂၀၂၂ပညာသင်နှစ်နေ့ သင်တန်း များဖွင့်လှစ်
Jan 06,2022
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍကိုနိုင်ငံတကာ နှင့်အညီအဆင့်မြင့်မားတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက် ပေးလျက်ရှိရာ ဇန်နဝါရီ ၆ ရက်နေ့မှ စတင်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နှင့်၂၀၂၁-၂၀၂၂ပညာသင်နှစ် နေ့သင်တန်းများကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာ ဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များကို တပြိုင်နက်တည်း ဖွင့်လှစ်ပေးရာ မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်တွင်လည်း ဖွင့်လှစ် သင်ကြားပေး နေပြီဖြစ်ကြောင်း သိရသည်။