မော်လမြိုင်တက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နှင့် ၂၀၂၁-၂၀၂၂ပညာသင်နှစ်နေ့ သင်တန်း များဖွင့်လှစ်

မော်လမြိုင်     ဇန်နဝါရီ        ၆

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍကိုနိုင်ငံတကာ နှင့်အညီအဆင့်မြင့်မားတိုးတက်စေရေးအတွက်  နိုင်ငံတော်မှ  ဆောင်ရွက် ပေးလျက်ရှိရာဇန်နဝါရီ ၆ ရက်နေ့မှ စတင်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နှင့်၂၀၂၁-၂၀၂၂ပညာသင်နှစ်  နေ့သင်တန်းများကို ပညာရေးဝန်ကြီးဌာန၊  အဆင့်မြင့်ပညာ ဦးစီး ဌာနရှိ  တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များကို တပြိုင်နက်တည်း  ဖွင့်လှစ်ပေးရာ  မွန်ပြည်နယ်၊   မော်လမြိုင်တက္ကသိုလ်တွင်လည်း  ဖွင့်လှစ် သင်ကြားပေး နေပြီဖြစ်ကြောင်း သိရသည်။

မော်လမြိုင်တက္ကသိုလ်တွင်နေ့သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာ၌စတုတ္ထနှစ် ဥပဒေပညာ (ဒုတိယနှစ်ဝက်) သင်တန်းတွင် ၁၅၂ ဦး၊ မဟာအရည်အချင်းစစ်သင်တန်းတွင် ၆၃ ဦး၊   တတိယနှစ် ဂုဏ်ထူးတန်းသင်တန်းတွင်၄၁ ဦး၊ မဟာတန်း ပထမနှစ်(ဝိဇ္ဇာ၊သိပ္ပံ)သင်တန်းတွင် ၇၉ ဦး၊ မဟာတန်း ဒုတိယနှစ်(ဝိဇ္ဇာ၊သိပ္ပံ)သင်တန်းတွင် ၃၃ ဦးတို့က ဘာသာရပ်အလိုက် တက်ရောက်သင်ကြားကြမည် ဖြစ်ရာ ကိုဗစ်-၁၉ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ပေးမည်ဖြစ်သည်။

"ပညာ​ရေးဖြင်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့"ဆိုသည့်ပညာရေး ဆောင်ပုဒ်နှင့် အညီမွန်ပြည်နယ်၊မော်လမြိုင်တက္ကသိုလ်သည် လူ့စွမ်းအား အရင်းအမြစ် ဖွံဖြိုး တိုးတက်ရေး အတွက်နှစ်စဉ် နိုင်ငံတော်မှအားထားရသည့်  မျိုးဆက်သစ် လူငယ်၊ မောင်မယ်များ စွာ ပေါ်ထွက် လာစေရေး မွေးထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)