ဒိုက်ဦးမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ဒိုက်ဦး ဇန်နဝါရီ ၆ 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု​ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်မှ စားသုံးသူကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ပြည်သူ များသိရှိစေရန် ရည်ရွယ်၍ (Talk Show) ပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် စားသုံးသူ​ရေးရာဦးစီးဌာန​ မြို့နယ်တာဝန်ခံ ဦး​မျိုးမြင့်မှ စားသုံးသူများနှင့်ပတ်သက်၍ ပြည်သူ များသို့​ အသိပညာပေးခြင်း၊ ကွင်းဆင်းဟောပြောခြင်း လုပ်ငန်းများကိုလည်းကောင်း၊ စားသုံးသူနှင့်ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာများ၊ ဝန်ဆောင်မှုများနှင့် ပတ်သက် သည့် အကြောင်းအရာများ၊ ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သည့် အကြောင်းအရာ များ တိုင်ကြားနိုင်သည့် Website များကိုလည်းကောင်း အသီးသီး အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး လက်ရှိလုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများ အကြောင်းကိုလည်း ရှင်းပြသွားခဲ့ကြောင်း သိရသည်။ 

မြို့နယ်ပြန်/ဆက်