သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်
Jan 07,2022
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွက် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ ညှိနိုင်းအစည်းအဝေးကို ဇန်နဝါရီလ (၅) ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
အင်တောမြို့တွင် မြို့မဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Jan 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ အမှတ်(၄)ရပ်ကွက်ရှိ စည်ပင်သာယာရေးဌာနပိုင်၊ မြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် လျှပ်စစ်ဌာနတို့က ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဖျာပုံမြို့နယ်တွင် ကုန်စည်များ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်းကုန်စည်များ မြန်မာဘာသာဖြင့် ကုန်အညွန်းအမှတ်အသား ဖော်ပြထားခြင်းရှိ၊ မရှိကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အတွင်းရှိ မုန့်မျိုးစုံနှင့် ကုန်ခြောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ သည် ယမန်နေ့နံနက် ၁၀ နာရီက ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လသာမြို့နယ်အတွင်း Mobile ကားဖြင့် အခြေခံစား​​သောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချ
Jan 07,2022
နိုင်ငံတော်အစိုးရသည် ပြည်သူလူထုများ အ​ခြေခံစား​သောက်ကုန်များကို အလွယ်တကူ စျေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက်လည်း လုပ်ဆောင်ပေးလျက်ရှိရာ ယ​နေ့နံနက် (၇:၃၀)နာရီ အချိန်တွင် လသာမြို့နယ်အတွင်း Mobile ကားဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများကို လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းပေးလျက်ရှိ
Jan 07,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအမြင်များနှင့် ဝေဖန်ခွဲခြားဆုံးဖြတ်  တတ်လာစေရေး စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက် ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင် ရာရောက် သုတ၊ ရသ စာအုပ်စာစောင်များအား စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ပြည်တက္ကသိုလ်စတင်ဖွင့်လှစ် သင်ကြားရေးနှင့် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိ
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ပြည်တက္ကသိုလ်အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်းနှင့် ကျောင်းအပ်နှံခြင်းများလက်ခံ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်(၅)ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 07,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်(Sinovac) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၄၄) ဦးကို ၎င်းဒုတိယအကြိမ် ကာကွယ်ဆေး(Sinopharm)ထိုးနှံ သူစုစုပေါင်း (၅၁၆)ဦးကို ၎င်းအသီးသီးထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။