ဒီပဲယင်းမြို့နယ် တွင်နွေစပါးစိုက်မည့် တောင်သူများကို ယူရီးယား ဓါတ်မြေဩဇာများ ဖြန့်ဖြူးရောင်း ချပေးလျက်ရှိ

ဒီပဲယင်း   ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူ သီးနှံစိုက်ခင်း များတွင်အကျိုးရှိ ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအစီအစဉ် ဖြင့်ယူရီးယားဓါတ်မြေဩဇာ များကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်း ထံ မှသိရပါသည်။

စိုက်ပျိုးရေးလုပ်ငန်း အတွက်လိုအပ်သော ဓါတ်မြေဩဇာကို ပြည်ပမှဈေးနှုန်း ကြီးမြင့်စွာဖြင့် ဝယ်ယူတင် သွင်းရန် ခက်ခဲနေသောအချိန်တွင် ပြည်တွင် ဓါတ်မြေဩဇာ စက်ရုံများမှ ထုတ်လုပ်သော ယူးရီးယား ဓါတ်မြေဩ ဇာများကို လက်ငင်းငွေချေ စနစ်ဖြင့် ရောင်းချပေးလျက်ရှိပြီးပထမအကြိမ် နိုဝင်ဘာလတွင် အကျိုးဆောင် တောင်သူများ ယူရီးယား ဓါတ်မြေဩဇာ (၃၂၅)အိတ်ဖြန့်ဖြူးပေးခဲ့ပြီး ဒုတိယအကြိမ် အဖြစ်(၁၀၅၅) အိတ်ကို ဇန်နဝါရီလ ၄ ရက်နေ့တွင်ဖြန့်ဖြူးပေးခဲ့ကြောင်း ဆက်လက်ပြီးယူရီးယား ဓါတ်မြေဩဇာများကို ဖြန့်ဖြူးပေး သွားမှာ ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာ မြို့နယ်ဦးစီးမှူး ကပြောကြား ခဲ့ပါသည်။

ဒီပဲယင်းမြိုနယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေး သစ်စိမ်းမြေဩဇာစိုက်ပျိုးသုံးစွဲရေး သဘာဝမြေဩဇာများ ပြုလုပ်သုံး စွဲရေးနှင့် လယ်ယာလုပ်ငန်းတွင်အကျိုးပြု အဏုစီဝ ပိုးများ၏အခန်းက ဏ္ဍအရေးကြီးမှု ကိုတောင်သူများ သိရှိစေရန် ပညာပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

သိန်းထွန်း(ဒီပဲယင်း)