သဲကုန်းမြို့နယ် ၊ ပြည်သူ့စာကြည့်တိုက် Community Centre တွင် ကုန်အညွှန်း အမှတ်အသားဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

သဲကုန်း  ဇန်နဝါရီ    ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီ အချိန်က သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချစ်နှင်းသုန်က ကုန်အညွှန်း အမှတ်အသားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး မြို့နယ်စားသုံးသူ‌ရေးရာ ဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ထွန်းက စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပ‌ဒေတွင် ပါရှိသည့် စီးပွားရေးလုပ်ငန်းရှင် အဓိပ္ပါယ်နှင့် ကုန်အညွှန်းအမှတ်အသား အဓိပ္ပါယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် သတ်မှတ်ချက်(၈)ချက်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ ကုန်စည်များအပေါ်တွင် မြန်မာဘာသာ (သို့မဟုတ်) မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု တွဲလျက် ဖော်ပြရမည့် ထုတ်ပြန်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို ပျက်ကွက်လျှင် အရေးယူဆောင်ရွက်မှုများအား အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်