သတင်းများ

စစ်ကိုင်းမြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးကွင်းဆင်း စစ်ဆေး လက်တွေ့သရုပ်ပြသပေး
Dec 28,2021
စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနမှကြီးမှူး၍ စစ်ကိုင်းမြို့မဈေးကြီးအတွင်းနှင့် ပတ်ဝန်းကျင် နေရာများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် မီးသတ်ရေငုတ်တိုင်များ ကောင်းမွန်မှုရှိရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြိမ်သတ်ခြင်း လက်တွေ့ ပြသခြင်းကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါဈေးကြီး အတွင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ် ပုကိုင်တာရေသွင်းတံခါးတည်ဆောက်ရာတွင် စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် လယ်/ယာမြေများအတွက် တောင်သူများအား သီးနှံနစ်နာကြေးနှင့် လယ်ယာမြေလျော်ကြေးပေးအပ်
Dec 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မြစ်ကျိုးကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် ပုကိုင်တာရေသွင်းတံခါး တည်ဆောက်ရာ၌ စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် လယ်ယာမြေ (၅၂ ဒသမ ၅၇)ဧကအတွက် တောင်သူ ၉ ဦးအား သီးနှံနစ်နာကြေးနှင့် လယ်ယာမြေလျော်ကြေး ပေးအပ်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ပုကိုင်တာရေသွင်းတံခါး တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ ကျင်းပသည်။
ဆင်ပေါင်ဝဲမြို့နယ် ရွာပုလဲကျေးရွာ၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး
Dec 28,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့သည် ရွာပုလဲကျေးရွာအုပ်စု၊ ရွာပုလဲ ကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့က ရွာပုလဲကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း၌ ဆရာ/ဆရာမများ ဒေသခံ ကျေးရွာသူ/သားများနှင့်တွေ့ဆုံ၍ အသိပေး ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲဆောင်ရွက်
Dec 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ထက်/လယ်ဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုက ညောင်ဦးမြို့နယ် ကံကျဲကျေးရွာသို့ သောက် သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း
Dec 28,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းရှိ ကံကျဲကျေးရွာ သို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ ရေဂါလံ ၁၆၀၀ ကို ယနံနက် ၁၁နာရီ အချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်
Dec 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ် -၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်  ရည် ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ဒီဇင်ဘာ(၂၈)ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွေမြို့နယ်ရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ အတွင်းဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များက အလှူငွေများ လာရောက် လှူဒါန်း
Dec 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှု အသင်းအနေဖြင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက်ရှိကာ ယမန်နေ့က အလှူရှင်များက အသင်းရုံးသို့ အလှူငွေ များ လာရောက်လှူဒါန်းခဲ့သည်။