လသာမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ
Dec 28,2021
ပြည်သူများစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများ ရရှိစေရန်၊ အသိပညာဗဟုသုတရရှိစေရန်နှင့် လူအများနှင့် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်ကာ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ဝိုင်းကျင်းပခဲ့ ကြောင်း သိရသည်။