ဆင်ပေါင်ဝဲမြို့နယ် ရွာပုလဲကျေးရွာ၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့သည် ရွာပုလဲကျေးရွာအုပ်စု၊ ရွာပုလဲ ကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့က ရွာပုလဲကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း၌ ဆရာ/ဆရာမများ ဒေသခံ ကျေးရွာသူ/သားများနှင့်တွေ့ဆုံ၍ အသိပေး ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ရွာပုလဲကျေးရွာသို့ လာရောက်သည်မှာ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လာရောက် ဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ဒေသခံကျေးရွာသူ/သားများ အနေဖြင့် မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အခြေအနေ၊ ဝါစိုက်ပျိုးနိုင်မှု အခြေအနေ၊ စာသင်ကျောင်း ဖွင့်လှစ်သင်ကြားနေမှု အခြေအနေတို့အား ဆရာ/ဆရာမများ  ဒေသခံ ကျေးရွာသူ/သားများနှင့် တွေ့ဆုံဆွေးနွေးကာ  မိမိတို့ရပ်ရွာအေးချမ်းသာယာမှု ရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်  မှာကြားခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း(ပြန်/ဆက်)