အလုံ ဒီဇင်ဘာ ၂၈
မြို့သန့်ရှင်းသာယာလှပစေရေနှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယမန်နေ့ နံနက်(၈)အချိန်က စတင်ကာ ရေမြောင်များအား သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွေင် အလုံမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ လက်ထောက် အုပ်ချုပ်ရေးမှူး ဦးရဲထက်ဦး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးနှင့် စည်ပင်သာယာရေစီးရေလာဌာနမှ ဝန်ထမ်းများက အောက်ကြည့်မြင်တိုင် လမ်းတစ်လျှောက်ရှိ ရေမြောင်းများအတွင်းရှိ ပိတ်ဆို့နေသော အမှိုက်များ ဆယ်ယူခြင်း၊ မြောင်းချေးများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေဆင်းမြောင်းများ သန်းရှင်းရေးပြုလုပ်ခြင်းများ ကို ဆောင်ရွက်ခဲ့သည်။
အလုံမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေးစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ် ပြန်/ဆက်