ညောင်ဦး ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ရက်နေ့တွင်ကျရောက်မည့် ၇၄နှစ်မြောက်လွတ်လပ်ရေး နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်ပြပွဲကို ဒီဇင်ဘာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန၊ခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါစာအုပ်စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (ရုံးချုပ်)မှပေးပို့သည့် သုတ/ရသစာအုပ်များအပြင်၊ ကမ္ဘာ့သမိုင်း၊မြန်မာ့သမိုင်းဆိုင်ရာစာ ပေများ၊ကျန်းမာရေးဆိုင်ရာစာပေများ၊နည်းပညာဆိုင်ရာစာပေများနှင့် ဗဟုသုတဖြစ်ဖွယ် စာအုပ်၊စာပေများကို စိတ်ဝင်စားဖွယ်ခင်းကျင်းပြသထားရှိရာ ညောင်ဦး အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းကျောင်းသားကျောင်းသူများ၊ အလယ်တန်းကျောင်းသား၊ကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာကြကြောင်း၊ စာအုပ်စာစောင်ပြပွဲပြုလုပ် ရသည့်ရည်ရွယ်ချက်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ် များအခမဲ့ငှားရမ်းပေးနေမှုအခြေအနေများ၊ အသင်းဝင်ကတ်ပြုလုပ်ရာတွင် လိုအပ်သည့် အချက်အလက်များနှင့်နေ့စဉ်စာအုပ်များငှားရမ်းပေးနေမှုတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာမှ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD